Myanmar Oriental Bank

Banner top Menu >> About MOB Bank

About MOB BANK

 မြန်မာအရှေ့တိုင်းဘဏ်လီမိတက်ကို ပုဂ္ဂလိကဘဏ်တစ်ခုအဖြစ် ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့တွင်စတင်တည်ထောင်ခဲ့ပါသည်။

 လွန်ခဲ့သည့် ၂၀ နှစ်ကျော်ကာလအတွင်းတွင် မြန်မာပြည်၏ ပထမဆုံးပြည်တွင်းဘဏ်လုပ်ငန်းအဖြစ်စတင်ခဲ့ပြီး ယုံကြည်စိတ်ချရသော၊

 လုပ်ငန်းများကို ထိရောက်စွာစွမ်းဆောင်နိုင်သောဘဏ်အဖြစ် စတင်ရပ်တည်ခဲ့ပါသည်။


 မြန်မာပြည်တစ်ဝှမ်းလုံးတွင် ဘဏ်ခွဲပေါင်း (၃၀ )ခုဖြင့် Current ၊ Fixed ၊ Saving နှင့် Call Deposits များအပြင် Commercial Loans

 စသည့်ဝန်ဆောင်မှုများနှင့် အခြားဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါသည်။


 နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်ဝန်ဆောင်မှုပေးနိုင်သည့် ဘဏ်တစ်ခုဖြစ်ပြီး Currency Exchange Counter ဖွင့်လှစ်ခွင့်ရသည့်

 ဘဏ်( ၆ )ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပြည်၊ မကွေးနှင့်မုံရွာတို့တွင် Currency Exchange Counter

 (၁၃) ခု ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။


 Myanmar Payment Union (MPU) စနစ်ကိုဦးဆောင်ခဲ့ပြီး ATM စနစ်နှင့် Debit Card ဝန်ဆောင်မှုများကို Electronic Payment စနစ်ဖြင့်

 စတင်ဆောင်ရွက်ခဲ့သည့် ဘဏ်ဖြစ်သည်။


 ထို့အပြင် Subsidiary Leasing ကုမ္ပဏီတစ်ခု Oriental Leasing Company Limited (OLCL) ကိုလည်း တည်ထောင်ထားခဲ့သည်။

MOB BANK