Myanmar Oriental Bank

Banner Menu >> အပ်ငွေစာရင်းများ ခေါ်ယူအပ်ငွေစာရင်း ( Call Deposit)

စာရင်းဖွင့်လှစ်ခြင်း။

 တစ်ဦးချင်းဖြစ်စေ ၊ နှစ်ဦးနှင့်အထက်တွဲဖက်၍ဖြစ်စေ ၊ လူမှုရေး ၊ ဘာသာရေးနှင့်စီးပွားရေးအဖွဲ့ အစည်းများ
 အမည်ဖြင့် စာရင်းဖွင့်လှစ်နိုင်ပါသည် ။ ကနဦးစာရင်းဖွင့်လှစ် ရာတွင် ငွေကျပ်-1,000,000/- ဖြင့်ဖွင့်လှစ်နိုင်ပြီး
 လက်ကျန်ငွေကိုအနည်းဆုံး ငွေကျပ်-100,000/ ထားရှိရမည်ဖြစ်ပါသည်။

အတိုးနှုန်း

 Call Deposit အတိုးနှုန်းမှာ ကျပ်- 100,000/- မှ 10,000,000/- အောက်အား (4 %) ကျပ်-10,000,000/-
 နှင့် အထက်အား 8 % အတိုးဖြင့် တွက်ချက်ပြီး ( ၃ )လတကြိမ်အတိုးထည့်သွင်း ပေးမည်ဖြစ်ပါသည်။

ငွေသွင်း၊ငွေထုတ်ပြုလုပ်ခြင်း။

 Call Deposit စာရင်းစာအုပ်သည် ငွေအသွင်းအထုတ်နှင့်လက်ကျန်ငွေတို့ကို အတည်ပြုထားသည်ဖြစ်ပါ၍ Call
 Deposit စာရင်းစာအုပ်မပါဘဲ ငွေသွင်း/ငွေထုတ်ခွင့်မရှိပါ။ မိမိ၏စာရင်းထားရှိသော မြန်မာအရှေ့တိုင်းဘဏ်လီမိတက်
 ဘဏ်ခွဲများ၌ ငွေကို ကိုယ်တိုင်ထုတ်ယူနိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့်လည်း ငွေထုတ် ယူနိုင်ပါသည်။
 ငွေသွင်း/ငွေထုတ်ပြုလုပ်ခြင်းအား သိန်းဂဏန်းအလီလီဖြင့်ဆောင်ရွက်နိုင်ပါသည်။

စာရင်းပိတ်ခြင်း။

 စာရင်းပိတ်လိုပါက Call Deposit စာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသောဘဏ်ခွဲတွင် ပြန်လည်ပေးအပ်ပြီးအလွယ်တကူ
 စာရင်းပိတ်နိုင်ပါသည်။ ကျသင့်သော အတိုး နှင့် တကွ စာရင်း လက်ကျန်ငွေများကိုဘဏ်မှ ထုတ်ပေးမည် ဖြစ်ပါသည်။

MOB BANK