Myanmar Oriental Bank

Banner Menu >> အပ်ငွေစာရင်းများစာရင်းရှင်အပ်ငွေစာရင်း ( Current Deposit )

စာရင်းဖွင့်လှစ်ခြင်း။

 တစ်ဦးချင်းဖြစ်စေ၊နှစ်ဦးနှင့်အထက်တွဲဖက်၍ဖြစ်စေ၊ကုမ္ပဏီအမည်ဖြင့်ဖြစ်စေ၊အစုစပ်လုပ်ငန်းအမည်ဖြင့်ဖြစ်စေ၊
 အဖွဲ့အစည်းများ၏အမည်ဖြင့်ဖြစ်စေစာရင်းဖွင့်လှစ်နိုင်ပါသည်။

 ကုမ္ပဏီအုပ်စုဝင်တစ်ဦးချင်းဖြင့်လည်း စာရင်းဖွင့်လှစ်နိုင်ပါသည်။ ကနဦးဖွင့်လှစ်ရာတွင် ငွေကျပ် -၁၀၀၀/- ဖြင့်
 စာရင်းဖွင့်ပြီး အနည်းဆုံး လက်ကျန်ငွေ-၅၀၀/- ကျပ် ထားရှိရပါမည်။စာရင်းရှင်စာရင်းဖွင့်လှစ်သူတိုင်းအား
 ချက်လက်မှတ်စာအုပ်ထုတ်ပေးပါသည်။


ချက်လက်မှတ်ဖြင့်ငွေထုတ်ယူခြင်း။

 စာရင်းရှင်အပ်ငွေစာရင်းမှ ငွေထုတ်ယူလိုပါက ချက်လက်မှတ်အသုံးပြု၍ ထုတ်ယူနိုင်ပါသည်။ ချက်လက်မှတ်ပေါ်တွင်
 ပြင်ရာဖျက်ရာ ရှိပါက စာရင်းပိုင်ရှင်မှ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။ တစ်ဦးချင်းစာရင်းများတွင် စာရင်းဖွင့်သူ
 ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ယူနိုင်ပါသည်။

 တစ်ဦးနှင့်အထက်ပူးတွဲဖွင့်လှစ်သောစာရင်းများတွင် စာရင်းဖွင့်လှစ်သူနှစ်ဦးပူးတွဲ၍ဖြစ်စေ ၊တစ်ဦးဦးမှဖြစ်စေ
 လက်မှတ်ရေးထိုး ထုတ်ယူနိုင်ပါသည်။

 ကုမ္ပဏီအစုစပ် နှင့် အဖွဲ့အစည်းများတွင် သက်ဆိုင်ရာအာဏာပိုင် ၊ဒါရိုက်တာအဖွဲ့၊ အမှုဆောင်အဖွဲ့နှင့် အုပ်ချုပ်ရေး
 အဖွဲ့အစည်းဆုံးဖြတ်ချက်ဖြင့် အခွင့်အာဏာပေးထားသောလူပုဂ္ဂိုလ်များမှ လက်မှတ်ရေးထိုး၍ ငွေထုတ်ယူနိုင်ပါသည်။
 ငွေပမာဏနှင့် အကြိမ်အရေတွက် အကန့်အသတ်မရှိ ငွေသွင်း / ငွေထုတ်ပြုလုပ်နိုင်ပါသည်။ စာရင်းရှင်စာရင်းတွင်
 ငွေလက်ကျန်လုံလောက်မှုမရှိသည့်အခါ ငွေစုဘဏ်စာရင်းနှင့် ချိတ်ဆက်ပြီး စာရင်းရှင်စာရင်းသို့လွှဲပြောင်းထုတ်ယူ
 နိုင်ရန် Debit-Authority ပေးထားနိုင်ပါသည်။

MOB BANK