Myanmar Oriental Bank

Banner Menu >> အွန်လိုင်းဘီလ်ဝန်ဆောင်မှုလုပ်ငန်း > ဖုန်းဘီလ်ဝန်ဆောင်မှုလုပ်ငန်း

  ဘဏ်တွင် စာရင်းရှင်စာရင်းတစ်ခုဖွင့်လှစ်ပြီး ဘီလ်ဝန်ဆောင်မှုကို အပ်နှံနိုင်ပါသည်။ 
  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ဘီလ်ပေးဆောင်ရသည့် ဘီလ်အားလုံး ကို ဆောင်ရွက်ပေးပါသည်။ 
  MOB ဘဏ်ခွဲရှိရာ မြို့အားလုံးတွင်ပေးဆောင်ရသောဖုန်းဘီလ်များကိုတာဝန်ယူဆောင်ရွက်ပေးပါသည်။ 
  Online ဖြင့် ပေးဆောင်ရမည့် ဖုန်းများကို ဘဏ်မှ တာဝန် ယူပေးဆောင်ပေးပါသည်။ 
  ပေးဆောင်ပြီးသော ဘီလ်ကျသင့်ငွေများအတွက် စာရင်းတစ်ခုခြင်းအတွက် လစဉ်ဘီလ်ရှင်းတမ်း (Bill Statement) ကို စစ်ဆေးနိုင်ရန် 
 ထုတ်ပေးပါသည်။ 
 MOB တွင်ဝန်ဆောင်မှုအပ်နှံလျှင် လိုအပ်ချက်များ 
  အပ်နှံမည့်သူကိုယ်တိုင် စာရင်းရှင်စာရင်းတစ်ခုကို နီးစပ်ရာ MOB ဘဏ်တိုင်းတွင် ဖွင့်လှစ်နိုင်ပါသည်။
  စာရင်းဖွင့်မည့်သူကိုယ်တိုင် လာရောက် ဖွင့်လှစ်အပ်နှံရပါမည်။ 
  စာရင်းဖွင့်မည့်သူ၏ မှတ်ပုံတင်မူရင်း၊မိတ္ထူ နှင့် ဖုန်းအခွန်ငွေပေးသွင်းသည့်စာအုပ် 
 (လစဉ်ကျသင့်ငွေပေးဆောင်မှုများကို မှတ်တမ်းရေးသွင်းရန်) 
 MOB Bill ဝန်ဆောင်မှုလုပ်ငန်း၏စည်းမျဉ်းစည်းကမ်းများ
  မြန်မာအရှေ့တိုင်းဘဏ်တွင် အပ်ငွေစာရင်းရှင်စာရင်း ဖွင့်လှစ်ထားရှိရပါမည်။
  ဘီလ်ကျသင့်ငွေများနှင့် ဘဏ်ဝန်ဆောင်ခများကို အပ်နှံသူ၏ ငွေစာရင်းမှ ခုနှိမ်ရန် သဘောတူရပါမည်။
  ဝန်ဆောင်မှုလုပ်ငန်းကို အပ်နှံပါက ဝန်ဆောင်မှုပေးလိုသည့် ဘီလ်ကာလကို လျှောက်လွှာတွင် ဖြည့်သွင်ပြီးအပ်နှံသူမှ
 လက်မှတ်ရေးထိုးရပါမည်။
  မိမိတို့အသုံးပြုသည့် ဘီလ်ကျသင့်ငွေနှင့် ဘဏ်ဝန်ဆောင်ခအတွက်လုံလောက်သောငွေပမာဏကို မိမိတို့၏စာရင်းတွင်
 (၃)လစာကြိုတင်ပေးသွင်းထားရပါမည်။မိမိငွေစာရင်းတွင်လက်ကျန်ငွေမလုံလောက်မှုကြောင့်ပေါ် ပေါက်လာမည့်ကိစ္စရပ်
 များအတွက် ဘဏ်တွင်တာဝန်မရှိပါ။
  အပ်နှံသူ၏စာရင်းတွင် ငွေလုံလောက်မှုမရှိပါကOnlineဖြင့်ပေးဆောင်သည့်ဖုန်းများအတွက်ဘဏ်မှစိုက်ထုတ် ပေးဆောင်ခြင်း
 မပြုပါ။
  ငွေပေးသွင်းခြင်းကိုသတ်မှတ်ထားသည့် Due Date ရက်၏ ၁၄းဝဝ နာရီအတွင်း လာရောက်ပေးသွင်းပေးရန်သတ်မှတ်ပါသည်။
  လစဉ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ပေးဆောင်ရသည့် ဖုန်းများအတွက် ဘဏ်မှ (၁)ကြိမ်သာ စိုက်ထုတ်ပေးချေမည်
 ဖြစ်ပြီးဘဏ်မှစိုက်ထုတ်ပေးချေခဲ့သည့်ငွေများနှင့်ယင်းအပေါ်ကျသင့်သည့်အတိုးငွေများ နောက်ကျကြေးများကို လုပ်ငန်း
 အပ်နှံသူက ဘဏ်သို့အမြန်ဆုံး တစ်ပတ်အတွင်း ပေးသွင်းရပါမည်။
  ဘဏ်မှ စိုက်ထုတ်ပေးချေခဲ့သည့် ငွေများအတွက် အတိုးငွေကို တစ်လလျှင် ( ၂% ) ကောက်ခံမည်ဖြစ်ပြီး နောက်ကြကျေးအတွက်
 ဘီလ်တစ်စောင်လျှင် (၅ဝဝ)ကျပ်ကောက်ခံမည် ဖြစ်ပါသည်။ Online ဖြင့်ပေးဆောင်ရသည့် ဖုန်းများအတွက် Due Date
 ကျော်လွန်ပြီးလာရောက်ပေးဆောင်ခြင်အတွက်ဝန်ဆောင်ခ ထပ်မံပေးဆောင်ရန်မလိုပါ ငွေပေးသွင်းပြီး(၃)ရက်  ကြာမှသာ
 ဖုန်းလိုင်းပြန်လည်ရရှိမည်ဖြစ်ပါသည်။
  ဖုန်းစာအုပ် ပြန်လည်ထုတ်ယူလိုပါက ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး ရောက်ရှိသည့် ဘီလ်ကာလပေးဆောင်ပြီးမှ ပြန်လည် 
 ထုတ်ပေးမည်ဖြစ်ပါသည်။
  ယာယီ ထုတ်ယူလိုခြင်း၊ ၊စာရင်းအမှတ်ပြောင်းလဲခြင်း၊ ရပ်ဆိုင်းလိုခြင်း၊များကို အပ်နှံသူကိုယ်တိုင်လျှောက်ထားရပါမည်။ 
  ဖုန်းနံပါတ်ပြောင်းလဲမှုရှိပါကဘဏ်သို့ အချိန်မီအကြောင်းကြားရန်လိုအပ်ပါသည်။ ငွေပေးရန်နောက်ကျ၍ ဖုန်းလိုင်းဖြတ်တောက်ခြင်း
 အတွက်ဘဏ်တွင် တာဝန်မရှိပါ။ ငွေပေးသွင်းပြီး ဆက်သွယ်ရေး မှ သတ်မှတ်ထားသည့် အချိန်ကာလတွင်သာဖုန်းလိုင်း
 ပြန်လည် ဖွင့်မည် ဖြစ်ပါသည်။ 
 
MOB BANK