Myanmar Oriental Bank

Banner Menu >> အပ်ငွေစာရင်းများငွေစုဘဏ်အပ်ငွေစာရင်း ( Saving Deposit )

 စာရင်းဖွင့်လှစ်ခြင်း။

 တစ်ဦးချင်းဖြစ်စေ၊ နှစ်ဦးနှင့်အထက်တွဲဖက်၍ဖြစ်စေ၊ အရွယ်မရောက်သေးသူများ၊ လူမှုရေး၊ ဘာသာရေး နှင့် စီးပွားရေးအဖွဲ့အစည်းများ
 စသည်ဖြင့် စာရင်းဖွင့်လှစ်နိုင်ပါသည်။  ကနဦးစာရင်းဖွင့်လှစ်ရာတွင် ငွေကျပ်-၅၀၀/- ဖြင့်ဖွင့်လှစ်နိုင်ပြီးလက်ကျန်ငွေကိုအနည်းဆုံး
 ငွေကျပ်-၁၀၀/ ထားရှိရမည်ဖြစ်ပါသည်။ 

 အတိုးနှုန်း။

 ငွေစုဘဏ်စာရင်းအပ်ငွေအတိုးနှုန်းမှာတစ်နှစ်လျှင်( ၈.၂၅% ) ဖြင့်( ၃ )လတစ်ကြိမ်ပေးမည်ဖြစ်ပြီး အတိုးကိုလစဉ်လဆန်း ( ၅ )ရက်မှ
 လကုန်အတွင်းအနည်းဆုံးလက်ကျန်ငွေပေါ်တွင် တွက်ပေးပါသည်။

 ငွေသွင်း၊ငွေထုတ်ပြုလုပ်ခြင်း။

 ငွေစုဘဏ်စာရင်းစာအုပ်သည် ငွေအသွင်းအထုတ်နှင့်လက်ကျန်ငွေတို့ကို အတည်ပြုထားသည်ဖြစ်ပါ၍ငွေစုဘဏ်စာရင်းစာအုပ်မပါဘဲ
 ငွေသွင်း/ငွေထုတ်ခွင့်မရှိပါ။မိမိ၏စာရင်းထားရှိသော မြန်မာအရှေ့တိုင်းဘဏ်လီမိတက်ဘဏ်ခွဲများ၌ ငွေကို ကိုယ်တိုင်ထုတ်ယူနိုင်သည့်
  အပြင် ကိုယ်စားလှယ်ဖြင့်လည်း  ငွေထုတ်ယူနိုင်ပါသည်။

 စာရင်းပိတ်ခြင်း။

 ငွေစုဘဏ်စာရင်းကိုပိတ်လိုပါက ငွေစုဘဏ်စာရင်းစာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသောဘဏ်ခွဲတွင် ပြန်လည်ပေးအပ်ပြီး အလွယ်တကူ
 စာရင်းပိတ်နိုင်ပါသည်။ ကျသင့်သော အတိုး နှင့် တကွ စာရင်း လက်ကျန်ငွေများကိုဘဏ်မှ ထုတ်ပေးမည်ဖြစ်ပါသည်။
MOB BANK