” မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၏ ၂၆ ကြိမ်မြောက် အထွေထွေနှစ်ပတ်လည် အစည်းအဝေးပွဲအခမ်းအနား ကျင်းပ ” မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၏ ၂၆ ကြိမ်မြောက် အထွေထွေနှစ်ပတ်လည် အစည်းအဝေးပွဲအခမ်းအနား ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ ၌ ရန်ကုန်မြို့ Sule Shangrila Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ယင်း အစည်းအဝေးပွဲအခမ်းအနားသို့...
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့ နှင့် (၈)ရက်နေ့ တို့တွင် ပဲခူးတိုင်းဒေသကြီး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့် ပဲခူးမြို့စာပေချစ်သူများ ဦးဆောင်ကျင်းပသော ဒုတိယအကြိမ်မြောက် “ ကလေးစာပေပွဲတော်” ကို ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ ပြီး မြန်မာအရှေ့တိုင်းဘဏ်မှ ကျောင်းသူ၊ကျောင်းသား ကလေးသူငယ်များ ၏စာပေ၊ဗဟုသုတက တိုးတတ်ပြန့်ပွားရေး အတွက်...
၂၀၁၉ ခုနစ်၊ နိုဝင်ဘာလ(၂၀)ရက်၊ ကမာ့္ဘ ကလေးသူငယ်များနေ့ (World Childern’s Day) တွင် ပြည်သူ့ရင်ပြင်ကွင်း(၁) ၌ Plan International Myanmar နှင့်ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ (YRYAC) တို့ပူးပေါင်း၍ မြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အရေး ကျယ်ပြန့်စွာ ရွေးချယ်ခွင့်ရရှိနိုင်ရေး၊ အမျိုးသမီးများ လုပ်ငန်းခွင် တန်းတူအခွင့်အရေးရရှိနိုင်ရေးစသည့်ရည်ရွယ်ချက်ဖြင်ကျင်းပခဲ့သော “Girls Get Equal 2019...
မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏(၂၆)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် အလှူမင်္ဂလာကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၆)ရက်၊ ၁၇.၁၁.၂၀၁၉ (တနင်္ဂနွေနေ့) ၌ ပဉ္စနိကာယသာသနဗိမာန်ကျောင်းတိုက်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်း၊လှူဖွယ်ဝတ္ထုအစုစုနှင့်တကွ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဤအလှူမင်္ဂလာကို မိဘပြည်သူ မိတ်ဟောင်းမိတ်သစ်များ “ သာဓုအနုမောဓနာ” ခေါ်ဆိုနိုင်စေရန် အလို့ငှါ မျှဝေလိုက်ပါသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် World Savings Day Forum & Savings Fair ကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာ(၁၅)ရက်နေ့ တွင် ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ကျင်းပခဲ့ပါသည်။ မြန်မာအရှေ့တိုင်းဘဏ် မှ Co-Sponsor အဖြစ်ပူးပေါင်းပါဝင်ခဲ့ပြီး ပြပွဲချိန်အတွင်း ၏ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအားလာရောက်စုံစမ်းသူမိဘပြည်သူများအား အမှတ်တရလက်ဆောင်များကံစမ်းရယူစေခြင်း သာမက အလုပ်လျှောက်ထားလိုသူများ၏အလုပ်လျှောက်လွှာများကိုလည်းလက်ခံရယူခဲ့ပါသည်။
မြန်မာအရှေ့တိုင်းဘဏ်လီမိတက် မှ Diamond Sponsor အနဖြေင့် Formosa Commodities Exhibition 2019 Myanmar အား Time City Business Tower ၌ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၆ ) (၂၇) ရက် နေ့များတွင် နံနက် (၁၀း၀၀) မှ ညနေ(၅း၀၀)အထိ...
မြန်မာအရှေ့တိုင်းဘဏ်၏ (၄၇)ခုမြောက် ဘဏ်ခွဲဖြစ်သောဇီးကုန်ဘဏ်ခွဲအား အမှတ်(၁)၊ ဦးယောလမ်း၊ အမှတ်(၅)ရပ်ကွက်၊ ဇီးကုန်းမြို့၊ ပဲခူးတိုင်းဒေသကြီးတွင် (၅.၉.၂၀၁၉) ကြာသပတေးနေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အနီးအနားမြို့များမှ မိတ်ဟောင်း၊မိတ်သစ် မိဘပြည်သူတို့၏ ဘဏ်လုပ်ငန်း၊ ဝန်ဆောင်မှုများနှင့် ငွေပို့ငွေလွှဲကိစ္စရပ်များတွင် အချိန်ကုန်သက်သာစေပြီး လွယ်လင့်တကူ အဆင်ပြေဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အရည်အချင်းပြည့်ဝသော ဘဏ်ဝန်ထမ်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ (၄၆)ခုမြောက် ဘဏ်ခွဲဖြစ်သော တောင်ဥက္ကလာပဘဏ်ခွဲအား အမှတ်(၇၄၅)၊ မင်္ဂလာလမ်း၊ (၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့တွင် (၂.၅.၂၀၁၉)နေ့မှစ၍ ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းကိစ္စအရပ်ရပ်များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မိဘပြည်သူများအား သတင်းကောင်းပါးအပ်ပါသည်။
မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မိသားစုသည် ဗုဒ္ဓဘာသာမြန်မာလူမျိူးတို့၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့်ဗုဒ္ဓနေ့ ဖြစ်သော (၁၈.၅.၂၀၁၉၊ စနေနေ့) တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ ညောင်ရေသွန်းခြင်း၊ ဘုရားဖူးမိဘပြည်သူများအား စတုဒီသာအအေးလှူဒါန်းခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းတို့ကို ဘဏ်ဝန်ထမ်းများနှင့်အတူ တပျော်တပါးဆင်နွှဲကျင်းပကာ ကုသိုလ်ယူခဲ့ကြပါသည်။
မြန်မာအရှေ့တိုင်းဘဏ်လီ မိတက် နှင့် GIZ အဖွဲ့အစည်း တို့ပူးပေါင်း၍ IFRS Transformation Project ၏ Milestone တစ်ခုဖြစ်သော “Non-Financial Instruments Accounting Policies and Manual Handover “ အခမ်းအနားအား ၂၀၁၉ ခုနှစ် ဧပြီလ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့ Sule Shangri-La Hotel...