ယခုအခါ Covid-19 Omicron မျိုးစိတ်သည် ကူးစက်နှုန်းမြန်ဆန်ပြီး ဖြစ်ပွားမှုနှုန်းမှာလည်း MOHS စစ်ဆေး တွေ့ရှိချက်အရ တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် Covid-19 Omicron ကူးစက်ပျံ့ပွါးမှုမှ စနစ်တကျကြိုတင် ကာကွယ်သင့်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ရောဂါဓါတ်ခွဲစစ် ဆေးမှု အဖြေထုတ်ပြန်ချက်များအရ Covid-19 ကူးစက်ရောဂါပိုး Positive တွေ့ရှိရသောလူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ရုံးချုပ်ဘဏ်ခွဲ၊ဌာနများနှင့် ဘဏ်ခွဲအသီးသီးတို့ရှိ အရာထမ်း၊ဝန်ထမ်းများ အန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးနှင့် အသုံးပြုလျက်ရှိသော ဘဏ်ပိုင် မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းအား နေ့စဉ်မပျက်မကွက် (မပျက်မကွက်) ဆောင်ရွက်ခဲ့ပါသည်။
မြန်မာအရှေ့တိုင်းဘဏ် (MOB) သည် မိမိဘဏ်ဝန်ထမ်းများနှင့် Customers များအား ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာအရှေ့တိုင်းဘဏ် (MOB) ဝန်ထမ်းများကို Customers များအား ဝန်ဆောင်မှုပေးရာတွင် ရောဂါကူးစက်မှုမှ ကင်းဝေးပြီး ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျှက်ရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ • Prevention is better than cure...
Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ #တစ်ဦးကိုတစ်ဦး အသိပေးပါ။ သတိပေးပါ။ ကျန်းမာပျော်ရွှင်သော နေ့စဉ်ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ!
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးမှ Coronavirus Disease (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ လမ်းညွှန်မှုဖြင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ COVID-19 Vaccination Fund ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် မြန်မာကျပ်ငွေ စာရင်းအမှတ် OA 013733 နှင့် နိုင်ငံခြားစာရင်းအမှတ် EDC 600012...
မြန်မာသက္ကရာဇ် ၁၃၈၁ တပိုတွဲလဆန်း ၁၄ ရက် (7.2.2020) နေ့တွင် မြန်မာအရှေ့တိုင်းဘဏ်မိသားစုမှ မြန်မာ့ရိုးရာထမနဲပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ပြီး ဝန်ထမ်းမိသားစုဦးရေ ၁,ဝဝဝ ကျော်အား ထမနဲအလှူဒါနများပြုလုပ်ခဲ့ပါသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့ နှင့် (၈)ရက်နေ့ တို့တွင် ပဲခူးတိုင်းဒေသကြီး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့် ပဲခူးမြို့စာပေချစ်သူများ ဦးဆောင်ကျင်းပသော ဒုတိယအကြိမ်မြောက် “ ကလေးစာပေပွဲတော်” ကို ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ ပြီး မြန်မာအရှေ့တိုင်းဘဏ်မှ ကျောင်းသူ၊ကျောင်းသား ကလေးသူငယ်များ ၏စာပေ၊ဗဟုသုတက တိုးတတ်ပြန့်ပွားရေး အတွက်...
၂၀၁၉ ခုနစ်၊ နိုဝင်ဘာလ(၂၀)ရက်၊ ကမ္ဘာ့ ကလေးသူငယ်များနေ့ (World Children’s Day) တွင် ပြည်သူ့ရင်ပြင်ကွင်း(၁) ၌ Plan International Myanmar နှင့်ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ (YRYAC) တို့ပူးပေါင်း၍ မြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အရေး ကျယ်ပြန့်စွာ ရွေးချယ်ခွင့်ရရှိနိုင်ရေး၊ အမျိုးသမီးများ လုပ်ငန်းခွင်တန်းတူအခွင့်အရေးရရှိနိုင်ရေးစသည့်ရည်ရွယ်ချက်ဖြင်ကျင်းပခဲ့သော “Girls Get Equal 2019 &...
မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏(၂၆)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် အလှူမင်္ဂလာကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၆)ရက်၊ ၁၇.၁၁.၂၀၁၉ (တနင်္ဂနွေနေ့) ၌ ပဉ္စနိကာယသာသနဗိမာန်ကျောင်းတိုက်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်း၊ လှူဖွယ်ဝတ္ထုအစုစုနှင့်တကွ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဤအလှူမင်္ဂလာကို မိဘပြည်သူ မိတ်ဟောင်းမိတ်သစ်များ “ သာဓုအနုမောဓနာ” ခေါ်ဆိုနိုင်စေရန် အလို့ငှါ မျှဝေလိုက်ပါသည်။
၁၃၈၁ ခု၊ တန်ဆောင်မုန်းလဆန်း (၈) ရက် (၄.၁၁.၂၀၁၉) နေ့တွင် Myanmar Payment Union (MPU) မိသားစုမှ ကြီးမှူး ကျင်းပသော တတိယအကြိမ်မြောက် “ ဆီမီး (၁၁၀၀၀) ကပ်လှူပူဇော်ပွဲ” ၌ မြန်မာအရှေ့တိုင်းဘဏ် (MOB) မိသားစု မှ ပူးပေါင်းပါဝင် ပူဇော်ခဲ့ပြီး ဤဆီးမီးအလှူကို မိဘပြည်သူ မိတ်ဟောင်းမိတ်သစ်များ...