MOB မြန်မာအရှေ့တိုင်းဘဏ်သည် လုပ်ငန်းရှင်များအတွက် ဒစ်ဂျစ်တယ် လစာငွေပေးချေသည့် Ongo Payroll Service ကို ဇူလိုင် (၂၄) ရက်နေ့တွင် Sule Shangri-La Hotel ၌ပြုလုပ်သည့် အခမ်းအနားတွင် စတင်မိတ်ဆက်ပေးခဲ့ပါသည်။
“ Ongo Payroll Service သည် ဒစ်ဂျစ်တယ်စနစ်ဖြစ်သောကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိဝန်ထမ်းများ၏ လစာငွေများကို အဆင်ပြေလွယ်ကူစွာပေးချေနိုင်မည်ဖြစ်ကြောင်း ယင်းမိတ်ဆက်အခမ်းအနားတွင်” MOB ၏ အမူဆောင်အရာရှိချုပ် Mr.Dominic Notario မှပြော ကြားခဲ့ပါသည်။