မြန်မာအရှေ့တိုင်းဘဏ်(MOB) မှ အတိုးနှုန်း ၇% ခံစားခွင့်ရရှိမည့် ငွေသားသီးသန့်ဖြင့် အပ်နှံစုဆောင်း သော ခေါ်ယူအပ်ငွေစာရင်းများကို MOB ဘဏ်ခွဲအားလုံးတွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့မှစ၍ ဖွင့်လှစ် နိုင်ပြီဖြစ်ပါသည်။
ယခင်ဖွင့်လှစ်ထားရှိသော Special Call Deposit Account နှင့် Call Deposit Account များကိုလည်း အောက် ဖော်ပြပါ အတိုးနှုန်းများအတိုင်း ခံစားခွင့်ပြုထားပါကြောင်း အသိပေးအပ်ပါသည်။
Call Deposit Account (Cash Account) ငွေသားသီးသန့်ခေါ်ယူအပ်ငွေစာရင်း – အတိုးနှုန်း ၇% (၂၄.၁.၂၀၂၂)နေ့မှစတင်ဖွင့်လှစ်သော ငွေသားသီးသန့် ကျပ် ၁၀,၀၀၀,၀၀၁/-နှင့်အထက် ခေါ်ယူအပ် ငွေများ
Special Call Deposit Account (အထူးခေါ်ယူအပ်ငွေစာရင်း)
အပ်ငွေပမာဏ ကျပ် ၁၀,၀၀၀,၀၀၁ နှင့်အထက် – အတိုးနှုန်း ၃%
Call Deposit Account (ခေါ်ယူအပ်ငွေစာရင်း)
အပ်ငွေပမာဏ ကျပ် ၁၀,၀၀၀,၀၀၁ နှင့်အထက် – အတိုးနှုန်း ၃%
ပြင်ဆင်သတ်မှတ်လိုက်သည့် ခေါ်ယူအပ်ငွေစာရင်း အတိုးနှုန်းမျာကို (၂၄.၁.၂၀၂၂ ) မှစ၍ ရရှိခံစားနိုင်ပါသည်။