မြန်မာအရှေ့တိုင်းဘဏ်လီ မိတက် နှင့် GIZ အဖွဲ့အစည်း တို့ပူးပေါင်း၍ IFRS Transformation Project ၏ Milestone တစ်ခုဖြစ်သော “Non-Financial Instruments Accounting Policies and Manual Handover “ အခမ်းအနားအား ၂၀၁၉ ခုနှစ် ဧပြီလ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့ Sule Shangri-La Hotel ၌ အောင်မြင်စွာကျင်းပပြု လုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်မင်း၊ GIZ Project Director Mr.Armin Hofmann နှင့်အဖွဲ့ဝင်များ၊ BFRIC ကော်မတီ၏ ဥက္ကဋ္ဌ ဒေါက်တာ တင်လတ်၊ ဝင်းသင်နှင့် စာရင်းစစ်များအဖွဲ့၏ ဥက္ကဋ္ဌ ဦးဝင်းသင်နှင့် အဖွဲ့ဝင်များ၊ မြန်မာအရှေ့တိုင်းဘဏ်၏ Chief Executive Officer, Mr. Dominic Mario Notario၊ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာများ၊ Management အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ Chief Executive Officer, Mr. Dominic Mario Notario မှ အဖွင့်အမှာစကားပြောကြားပြီး၊ GIZ မှ Program Director Mr.Armin Hofmann မှ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ Chief Executive Officer , Mr. Dominic Mario Notario ထံသို့ “ Non-Financial Instruments Accounting Policies and Manual” ကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူး၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ပါသည်။