နိုင်ငံ ဝန်ထမ်းများနှင့် ကုမ္ပဏီ ဝန်ထမ်းများချေးငွေ ဝန်ဆောင်မှု လုပ်ငန်း
မြန်မာအရှေ့တိုင်းဘဏ်လိမိတက်သည် နိုင်ငံဝန်ထမ်းများနှင့်ကုမ္ပဏီ ဝန်ထမ်းများ သက်သာချောင်ချိစေရန် နှင့် ပညာရေး စရိတ် ၊ဆေးကုသစရိတ် နှင့် အခြားလူမှုရေး လိုအပ်ချက် စရိတ်များ အသုံးပြုရန်အတွက် အထိုက်အလျောက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ချေးငွေများ ထုတ်ချေး ခွင့်ပြုလျက်ရှိပါသည်။
ချေးငွေကာလ
- ဘဏ်မှခွင့်ပြုသော ဝန်ထမ်းချေးငွေ သည် ခွင့်ပြုသတ်မှတ်သက်တမ်းကာလ အတွင်း လစဉ် အရစ်ကျ ချေးငွေအရင်းနှင့် ကျသင့်အတိုးငွေများကို လစဉ် ပေးဆပ်ရပါမည်။
စဉ် | ရာထူး | လုပ်သက် | ချေးငွေ | ချေးငွေသက်တမ်း |
၁။ | လုံခြုံရေး၊ ယဉ် မောင်း | ( ၁ နှစ် နှင့် အထက်) | လစာ၏(၃)ဆ | (၁)နှစ် |
၂။ | အငယ်တန်းစာရေးနှင့်အထက် | (၁နှစ်- ၅နှစ်) | လစာ၏(၅)ဆ | (၂) နှစ် |
၃။ | အငယ်တန်းစာရေးနှင့်အထက် | (၅နှစ်အထက်) | လစာ၏(၁၀)ဆ | (၃) နှစ် |
အတိုးနှုန်းနှင့်ဝန်ဆောင်မှုနှုန်းထား
အတိုးနှုန်း | တစ်နှစ်လျှင် ၁၂.၀၀% |
(ဝန်ထမ်း ချေးငွေအား (Amortization Method) စနစ်ဖြင့် တွက်ချက်မည် ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်း
ဝန်ထမ်းချေးငွေ လျှောက်ထားသူသည် အခြားဘဏ်တစ်ခုမှ ချေးငွေတစ်ရပ်ရပ် ကိုရယူထားသူ မဖြစ်စေရပါ။
ချေးငွေတစ်ရပ်ရပ်ကိုရယူထားသူ မဖြစ်စေရပါ။
ချေးငွေတစ်ရပ်ရပ်ကိုရယူထားပါက ချေးငွေကို ပြေကြေစွာ ပေးဆပ်ပြီးမှသာ ဝန်ထမ်းချေးငွေ လျှောက်ထားခွင့် အား အောက်ဖော်ပြပါ အချက်များ ဖြင့် ပူးတွဲ လျှောက်ထားရပါမည်။
- သက်ဆိုင်ရာဌာန /ကုမ္ပဏီ မှ ဝန်ထမ်း ရေးရာဌာနမှူး၏ ရာထူး/လစာ/လုပ်သက် အတည်ပြုထောက်ခံချက်။
- နေထိုင်ကြောင်းရက်ကွက်/ကျေးရွာ ၏ ထောက်ခံချက်မူရင်း(မြန်မာအရှေ့တိုင်းဘဏ်တွင် ချေးငွေလျောက်ထားရန်)။
- နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်မိတ္တူ။
- ဝန်ထမ်းချေးငွေ လျှောက်ထားသူအတွက် အမှန်တကယ် ပေးလျော်နိုင်မည့် အာမခံသူ ( Guarantor) များ(မိသားစုဝင်(၁)ဦး နှင့် ဝန်ထမ်း(၂) ဦး (သို့မဟုတ်) ဝန်ထမ်း ၃ ဦး (သို့မဟုတ်) မိသားစုဝင်မဟုတ်သူ (၂) ဦး။
- ကုမ္ပဏီ ဝန်ထမ်းဖြစ်ပါက ကုမ္ပဏီပိုင်ရှင် /အုပ်ချုပ်မှု ဒါရိုက်တာ / အမှုဆောင်အရာရှိချုပ် တို့မှ အာမခံသူ ( Guarantor) အဖြစ်တာဝန် လက်မှတ်ရေးထိုးပေးရမည်။
- အာမခံသူများ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား နှင့် အိမ်ထောင်စု စာရင်းမိတ္တူ
- စာရင်းရှင်အပ်ငွေ စာရင်း(Current Account) ဖွင့်လှစ်ရမည်။
- အမြဲတမ်းဝန်ထမ်းဖြစ်ပြီး လုပ်သက် အနည်းဆုံး (၁) နှစ်ရှိသူဖြစ်ရမည်။