စုဘူးငွေစုစာရင်း
စုဘူးငွေစုစာရင်း ဆိုသည်မှာ အရွယ်မရောက်သေးသော မွေးကင်းစမှစ၍ အသက် (၁၈) နှစ် အောက် သား၊ သမီး၊ တူ၊ တူမများ ငွေစုဆောင်းသည့် အလေ့အထဖြစ်စေရန်၊ ကလေးငယ်များ၏ လိုအင်ဆန္ဒများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နှင့် နောင်ရေးစိတ်အေးချမ်းသာယာမှုရရှိစေရန် ရွေးချယ်ထားသောစုဘူး အမျိုးအစားအလိုက် သတ်မှတ်ထားသော ကာလတစ်ခုအတွင်း လစဥ်ပုံမှန် ငွေစုဆောင်းသည့် အစီအစဉ်ဖြစ်ပါ သည်။
အတိုးနှုန်းမှာ –
Product Features
- စာရင်းဖွင့်လှစ်ရန်အတွက် ကလေးငယ်သည် အသက် (၁၈) နှစ်အောက်ဖြစ်ရမည်ဖြစ်ပြီး မိဘ(သို့မဟုတ်)အုပ်ထိန်းသူနှင့် တွဲဖက်ဖွင့် လှစ်ရပါမည်။
- ကနဦးအပ်နှံငွေမှာအနည်းဆုံးကျပ် ၁၀,၀၀၀/- ဖြစ်ပြီး အနည်းဆုံးသက်တမ်းကာလမှာ (၃)နှစ်ဖြစ်သည်။ လစဉ်စုငွေပမာဏနှင့်သက်တမ်း ကာလအား မိမိနှစ်သက်ရာ အဆိုပြုနိုင်ပါသည်။
- ရွေးချယ်နိုင်သည့် စုဘူးငွေစုစာရင်း (၄) မျိုးရှိပါသည် –
Su Boo (small)
လစဥ်စုငွေ – ကျပ် ၁၀,၀၀၀/- သက်တမ်း – (၃) နှစ်SuBoo (medium)
လစဥ်စုငွေ – ကျပ် ၃၀,၀၀၀/- သက်တမ်း – (၅) နှစ်Su Boo (large)
လစဥ်စုငွေ – လစဥ်စုငွေ – ကျပ် ၅၀,၀၀၀/- သက်တမ်း – (၁၀) နှစ်Su Boo (customize)
လစဉ်စုငွေ ပမာဏနှင့် သက်တမ်းအား အဆိုပြုနိုင်ပါသည်။- တစ်နှစ်လျှင် ၆.၂၅ % ဖြင့် (ငွေကျပ် – ၁၀,ဝ၀ဝ/- မှ ၁၀,ဝ၀ဝ,ဝ၀ဝ/- အတွင်း)
- တစ်နှစ်လျှင် ၆.၅၀ % ဖြင့် (ငွေကျပ် – ၁၀,ဝ၀ဝ,ဝ၀၁/- မှ ၁၀ဝ,ဝ၀ဝ,ဝ၀ဝ/- အတွင်း)
- တစ်နှစ်လျှင် ၇.ဝ၀ % ဖြင့် (ငွေကျပ် – ၁၀ဝ,ဝ၀ဝ,ဝ၀၁/- မှ အထက်)
- Bonus Interest မှာ ၃.ဝ၀% ဖြစ်ပြီး၊ အဆိုပြုကာလ သက်တမ်းပြည့်မှသာ ခံစားခွင့်ရှိပါသည်။
- အတိုးနှုန်းများကို (၃)လတစ်ကြိမ်ပေးမည်ဖြစ်ပြီး အတိုးကို လစဉ်လဆန်း (၅)ရက်မှ လကုန်အတွင်း အနည်းဆုံးလက်ကျန်ငွေပေါ်တွင် တွက်ပေးပါသည်။
- မိဘ (သို့မဟုတ်) အုပ်ထိန်းသူသည် အဆိုပြုသော လစဉ်စုငွေပမာဏအား သတ်မှတ်ကာလ ပြီးဆုံးသည်အထိ ပေးသွင်းရန် တာဝန်ယူနိုင် သူဖြစ်ရပါမည်။
- စုဘူးငွေစုစာရင်း စတင်ဖွင့်လှစ်သည့်လတွင် ပုံမှန်ငွေစုစာရင်းများ ဖွင့်လှစ်သည့် စည်းမျဉ်းစည်းကမ်းအတိုင်း အတိုးခံစားခွင့် ရရှိပါမည်။
- ရွေးချယ်ထားသော စုဘူးအမျိုးအစားလိုက် စုငွေပမာဏအား လစဉ်ပေးသွင်းရမည်။ (သို့မဟုတ်) ကြိုတင်ပေးသွင်းနိုင်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ မှတ်ပုံတင် မူရင်း၊ မိတ္တူ။
- အရွယ်မရောက်သေးသူ ကလေး၏ မွေးစာရင်း (သို့မဟုတ်) (၁၀)နှစ်ပြည့် မှတ်ပုံတင် မိတ္တူ။
- မိဘ (သို့မဟုတ်) အုပ်ထိန်းသူ နှင့် အရွယ်မရောက်သေးသူကလေး တို့၏ အိမ်ထောင်စုစာရင်း မိတ္တူ၊ လိုင်စင်ဓာတ်ပုံ။
Terms & Conditions
ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း –
- စုဘူးငွေစုစာရင်း အတွက် အပ်ငွေများအား ငွေသားဖြင့်သော်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့် သော်လည်းကောင်း ဖွင့်လှစ်ပေး သွင်းနိုင်ပါသည်။
- စုဘူးငွေစုစာရင်းကိုပိတ်လိုပါက စုဘူးငွေစုစာရင်းစာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသော ဘဏ်ခွဲတွင်ပြန်လည်ပေးအပ်ပြီး အလွယ်တကူစာရင်းပိတ်နိုင်ပါသည်။ သက်တမ်းကာလပြည့်ပါက စုငွေ၊ အတိုးနှင့် Bonus Interest တို့အား စာရင်းပိတ်၍ တပေါင်းတည်း ထုတ်ပေး မည်ဖြစ်ပါသည်။
- အရွယ်မရောက်သေးသူကလေးပါ ခေါ်ဆောင်လာရမည်ဖြစ်ပြီး၊ မိဘ (သို့မဟုတ်) အုပ်ထိန်းသူမှ လက်မှတ်ရေးထိုး စာရင်းပိတ်ရမည် ဖြစ်ပါသည်။