အနာဂတ်ငွေစုစာရင်း
အနာဂတ်ငွေစုစာရင်းဆိုသည်မှာ အသက်(၁၈) နှစ်ပြည့်ပြီးသောအရွယ်ရောက်ပြီးသူများသည် မိမိတို့၏အနာဂတ်ရည်မှန်းချက်စိတ်ကူးများ အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် တစ်ဦးတည်းသော်လည်းကောင်း၊ တွဲဖက်၍သော်လည်းကောင်း၊ အချိန်ကာလတခုအတွင်းလစဉ်ပုံမှန်(သို့မဟုတ်)
ကြိုတင် ငွေစုဆောင်းသည့်အစီအစဉ်ဖြစ်ပါသည်။
Product Features
- စာရင်းဖွင့်လှစ်ရန်အတွက် အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး တစ်ဦးတည်း(သို့မဟုတ်) အရွယ်ရောက်ပြီးသူများနှင့် တွဲဖက်၍ လည်း ဖွင့်လှစ်နိုင်ပါသည်။
- ကနဦးအပ်နှံငွေမှာအနည်းဆုံးကျပ် ၃၀,၀၀၀/- ဖြစ်ပြီး အနည်းဆုံးသက်တမ်းကာလမှာ (၃)နှစ်ဖြစ်သည်။ လစဉ်စုငွေပမာဏနှင့်သက်တမ်း ကာလအား မိမိနှစ်သက်ရာ အဆိုပြုနိုင်ပါသည်။
အတိုးနှုန်းမှာ –
- တစ်နှစ်လျှင် ၉.ဝ၀ % ဖြင့် (ငွေကျပ် – ၁ဝ,ဝ၀ဝ/- မှ အထက်)
- Bonus Interest မှာ ၃.ဝ၀% ဖြစ်ပြီး၊ အဆိုပြုကာလ သက်တမ်းပြည့်မှသာ ခံစားခွင့်ရှိပါသည်။
- အတိုးနှုန်းများကို (၃)လတစ်ကြိမ်ပေးမည်ဖြစ်ပြီး အတိုးကို လစဉ်လဆန်း (၅)ရက်မှ လကုန်အတွင်း အနည်းဆုံးလက်ကျန်ငွေပေါ်တွင် တွက်ပေးပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- စာရင်းဖွင့်လှစ်မည့်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ ၊(အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။)
- တွဲဖက်စာရင်းဖွင့်လှစ်မည့်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ။
- စာရင်းဖွင့်လှစ်မည့်သူ၊ တွဲဖက်စာရင်းဆိုပါက နှစ်ဦးစလုံး၏ အိမ်ထောင်စုစာရင်းမိတ္တူ။
- စာရင်းဖွင့်လှစ်မည့်သူ၊ တွဲဖက်စာရင်းဆိုပါက နှစ်ဦးစလုံး၏ လိုင်စင်ဓါတ်ပုံ။
Terms & Conditions
ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း –
- အနာဂတ်ငွေစုစာရင်းအတွက် အပ်ငွေများအား ငွေသားဖြင့်သော်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့်သော်လည်းကောင်း ဖွင့်လှစ်ပေး သွင်းနိုင်ပါသည်။
စာရင်းပိတ်ခြင်း –
- အနာဂတ်ငွေစုစာရင်းကိုပိတ်လိုပါကစာရင်းစာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသော ဘဏ်ခွဲတွင်ပြန်လည်ပေးအပ်ပြီး အလွယ်တကူစာရင်းပိတ်နိုင်ပါသည်။ သက်တမ်းကာလပြည့်ပါက စုငွေ၊ အတိုးနှင့် Bonus Interest တို့အားစာရင်းပိတ်၍တပေါင်းတည်း ထုတ်ပေးမည်ဖြစ်ပါ သည်။
- တွဲဖက်စာရင်းဖွင့်လှစ်သူပါခေါ်ဆောင်လာရမည်ဖြစ်ပြီး၊ နှစ်ဦးတွဲဖက် လက်မှတ်ရေးထိုး စာရင်းပိတ်ရမည်ဖြစ်ပါသည်။