အငြိမ်းစားငွေစုစာရင်း
အငြိမ်းစားငွေစုစာရင်း ဆိုသည်မှာ အသက်(၆၀)နှစ်ပြည့်ပြီးသော အငြိမ်းစားအရွယ်လူကြီးမင်းများ၏ နေ့စဉ်ဘဝ စိတ်အေးချမ်းသာယာစွာနေထိုင်နိုင်
ရန်အတွက် စုငွေအပေါ်တွင် လစဉ်အတိုးထည့်သွင်းပေးသည့် ငွေစုဆောင်းခြင်း အစီအစဉ်ဖြစ်ပါသည်။
Product Features
- စာရင်းဖွင့်လှစ်ရန်အတွက် အသက် (၆၀)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး တစ်ဦးတည်း(သို့မဟုတ်) အရွယ်ရောက်ပြီးသူများနှင့် တွဲဖက်၍ လည်း ဖွင့်လှစ်နိုင်ပါသည်။
- ကနဦးအပ်နှံငွေမှာ အနည်းဆုံးကျပ် ၃,၀၀၀,၀၀၀/- ဖြစ်ပြီး ငွေသားထပ်မံပေးသွင်းနိုင်ပါသည်။
- တစ်နှစ်လျှင် ၁၀.၀၀ % ဖြင့် (ငွေကျပ် ၃,၀၀၀,၀၀၀/- မှ အထက်)
လိုအပ်သောစာရွက်စာတမ်းများ
- စာရင်းဖွင့်လှစ်မည့်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ ၊(အသက် (၆၀)နှစ်ပြည့်ပြီးသူဖြစ်ရမည်။)
- တွဲဖက်စာရင်းဆိုပါက တွဲဖက်စာရင်းဖွင့်လှစ်မည့်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ။
- စာရင်းဖွင့်လှစ်မည့်သူ၊ တွဲဖက်စာရင်းဆိုပါက နှစ်ဦးစလုံး၏ အိမ်ထောင်စုစာရင်းမိတ္တူ။
- စာရင်းဖွင့်လှစ်မည့်သူ၊ တွဲဖက်စာရင်းဆိုပါက နှစ်ဦးစလုံး၏ လိုင်စင်ဓါတ်ပုံ။
Terms & Conditions
ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း –
- အငြိမ်းစားငွေစုစာရင်း အတွက် အပ်ငွေများအား ငွေသားဖြင့်သော်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့် သော်လည်းကောင်း ဖွင့်လှစ် ပေးသွင်းနိုင်ပါသည်။
- အငြိမ်းစားငွေစုစာရင်းစာအုပ်သည်ငွေအသွင်း ၊ အထုတ် နှင့် လက်ကျန်ငွေတို့ကို အတည်ပြုထားသည် ဖြစ်ပါ၍ အငြိမ်းစားငွေစုစာရင်းစာအုပ်မပါဘဲ ငွေသွင်း ၊ ငွေထုတ်ခွင့်မရှိပါ။ မိမိ၏ စာရင်းထားရှိသော မြန်မာအရှေ့တိုင်း ဘဏ်လီမိတက်ဘဏ်ခွဲများ၌ ငွေကိုကိုယ်တိုင်ထုတ်ယူနိုင်သည့်အပြင် သတ်မှတ်ထားသည့် နည်းလမ်းများဖြင့် ကိုယ်စားလှယ်ဖြင့် ငွေထုတ်ယူနိုင်ပါသည်။
စာရင်းပိတ်ခြင်း –
- အငြိမ်းစားငွေစုစာရင်းကိုပိတ်လိုပါက အငြိမ်းစားငွေစုစာရင်းစာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသော ဘဏ်ခွဲတွင်ပြန်လည်ပေးအပ်ပြီး အလွယ်တကူစာရင်းပိတ်နိုင်ပါသည်။ ကျသင့်သောအတိုးနှင့်တကွစာရင်းလက်ကျန်ငွေများကို ဘဏ်မှ ထုတ်ပေးမည်ဖြစ်ပါသည်။