နိုင်ငံခြား ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ (စာရင်းရှင်)
Product Features
စာရင်းရှင်အပ်ငွေအမျိုးအစား (၂) မျိုးဖွင့်လှစ်နိုင်ပါသည်။
- ပုဂ္ဂိုလ်တစ်ဦးချင်းသုံး
- ပုဂ္ဂိုလ်နှစ်ဦးနှင့်အထက်တွဲဖက်စာရင်း
ဖွင့်လှစ်နိုင်သည့်နိုင်ငံခြားငွေအမျိုးအစားများ
- US Dollar (USD)
- Euro Dollar (EUR)
- Singapore Dollar (SGD)
ကနဦးပေးသွင်းငွေ
- ၁၀၀ (USD, EUR, SGD)
အနည်းဆုံးကျန်ရှိရမည့်လက်ကျန်ငွေ
- ၁၀ (USD, EUR, SGD) – ပုဂ္ဂိုလ်ရေးသုံးစာရင်းများအတွက်
ငွေသွင်းခြင်းအတွက်ကောက်ခံမှု
- ငွေသွင်းသည့်ပမာဏ၏ ၁%
ငွေထုတ်ယူခြင်းအတွက်ကောက်ခံမှု
- တစ်ကြိမ်လျှင် ၁ (USD, EUR, SGD)
- မြန်မာနိုင်ငံဗဟိုဘဏ်၏လမ်းညွှန်ချက်အရ တစ်ပတ်လျှင် ၂ ကြိမ်ငွေထုတ်ယူနိုင်ပြီး တစ်ကြိမ်လျှင်အများဆုံး အမေရိကန် ဒေါ်လာ ၅,၀၀၀ ထုတ်ယူနိုင်ပါသည်။
Bank Statements
- အကောင့်ပိုင်ရှင်မှ Bank Statement, Balance Certificate, Balance Confirmation and Account Verification များ တောင်းယူကြည့်ရှုနိုင်ပါသည်။
အကောင့်ပိတ်သိမ်းခြင်း
- ၅ (USD, EUR, SGD) – ပုဂ္ဂိုလ်ရေးသုံးစာရင်းများအတွက်
လိုအပ်သည့်စာရွက်စာတမ်းများ
ပုဂ္ဂိုလ်တစ်ဦးချင်းစာရင်း / နှစ်ဦးနှင့်အထက်တွဲဖက်စာရင်း
- လျှောက်လွှာ
- ပတ်စ်ပို့ (သို့) မှတ်ပုံတင်
- ဗီဇာ မိတ္တူ (နိုင်ငံခြားသားများအတွက်သာ)
- နိုင်ငံခြားငွေလဲနှုန်းကြေငြာစာ
- ဝင်ငွေဖော်ပြချက် (လိုအပ်သည့် စာရွက်စာတမ်းများ)
- ကနဦးပေးသွင်းငွေ
- ဓါတ်ပုံ (၂) ပုံ