ဘုတ်အဖွဲ့အဝင်ဒါရိုက်တာများ

ဒေါ်ကြည်ကြည်သန်း

ဥက္ကဋ္ဌ
ဒေါ်ကြည်ကြည်သန်းသည် မြန်မာအရှေ့တိုင်းဘဏ်ကို စတင်တည်ထောင်လုပ်ကိုင်ခဲ့ပြီး ဘဏ်စတင်ဖွင့်လှစ် သည့်၁၉၉၃ ခုနှစ်မှစ၍ ဈေးကွက်ဒါရိုက်တာအဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် အထွေထွေမန်နေဂျာ အဖြစ် လည်းကောင်း၊ ၂၀၀၈ ခုနှစ်တွင် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာအဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် အုပ်ချုပ်မှု ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှစ၍ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်လျှက်ရှိပါသည်။ ၁၉၈၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဘာသာ သိပ္ပံဘွဲ့ကိုရရှိခဲ့ပါသည်။ ဘဏ်၏ major shareholders တစ်ဦးဖြစ်ပြီး ဘဏ်စတင်တည်ထောင်သည့်အချိန်မှစ ၍ မြန်မာအရှေ့တိုင်းဘဏ်ဘုတ်အဖွဲ့၏ အဖွဲ့ဝင်ဒါရိုက်တာ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ (၂၅)နှစ်ကြာ လုပ်ငန်းအတွေ့အကြုံ များဖြင့် ဘဏ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ ဘဏ်ဝန်ထမ်းများ၏ အရည်အချင်းတိုးတက်ရေးအတွက် ဦးဆောင် အုပ်ချုပ်လျှက်ရှိပါသည်။

KAUNG HTET (NEO) ZAW

CEO
Ko Kaung Htet Zaw is an accomplished legal professional turned banker with extensive experience in corporate law, regulatory compliance, contract management, consumer lending, corporate loan structuring and real estate transactions. He has successfully structured corporate loans in the amount exceeding 100 billion MMK, developed KPIs for legal departments, standardized loan documentation processes, and provided critical legal support to corporate and compliance teams. Ko Kaung Htet Zaw is skilled in negotiating and drafting agreements, managing disputes, maintaining strong relationships with both domestic and international stakeholders, project execution and managing multiple teams.

In previous roles, he played a key role in ensuring legal compliance for new product launches, supporting HR and risk management teams, and overseeing contract registries. His background in conveyancing includes managing operations, client relationships, and ensuring compliance with Australian legal standards.

Fluent in English, Burmese, and conversant in Mandarin, Kaung is dedicated to delivering results under pressure, with a strong commitment to legal excellence and ethical standards.

DAW PHYO THU HTWE

DEPUTY MANAGING DIRECTOR
Daw Phyo Thu Htwe has more than twenty-seven years of experience in the banking industry. She joined Myanmar Oriental Bank (MOB) since 1996. She got the first degree, Bachelor of Science, Industrial Chemistry (BSc., IC) from Yangon University and then Diploma in banking (DB) from Yangon University of Economics. She got the double Master of Business Administration (MBA) and Master of Banking and Finance (MBF), from Yangon University of Economics. In 2017, she attended the Corporate Secretary Master Program, IFC Singapore. She has extensive experience in banking operations, project management, human resource management, operational risk management and operational development. In 2022, she implemented the Banking Process Reengineering Project at Myanmar Oriental Bank. Now she is responsible for in charge of board, corporate secretariat, internal audit, risk and compliance, human resource and general affairs departments.

ဦးလှကြည်

ဒါရိုက်တာ/အကြီးတန်းအထွေထွေမန်နေဂျာ
ဦးလှကြည်သည် မြန်မာအရှေ့တိုင်းဘဏ်တွင် ၁၉၉၆ ခုနှစ်မှ စ၍တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှစတင်ပြီး ဘုတ်အဖွဲ့၏ ဒါရိုက်တာအဖြစ်လည်းကောင်း၊အကြီးတန်းအထွေထွေမန်နေဂျာအဖြစ် Treasury Department မှ တာဝန်ဝတ္တရားများကိုလည်းကောင်း တာဝန်ယူဆာင်ရွက်လျှက်ရှိပါသည်။ ၁၉၇၄ ခုနှစ်တွင် သိပ္ပံဘွဲ့(ရူပဗေဒ)ကိုရရှိခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီးဦးစီးအရာရှိရာထူးမှ အငြိမ်းစားယူခဲ့ပါသည်။

ဒေါ်ကြိုင်ကြိုင်စိန်

ဒါရိုက်တာ
ဒေါ်ကြိုင်ကြိုင်စိန်သည် ၁၉၉၉ ခုနှစ်မှ စတင်ပြီး အစုရှင်တစ်ဦးဖြစ်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ် ဇွန်လမှ စတင်ပြီး ၂၀၀၃ ခုနှစ် နိုဝင်ဘာလအထိ ဘုတ်အဖွဲ့၏ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး ယနေ့အထိ ဘုတ်အဖွဲ့၏ ဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ယူလျှက် ရှိပါသည်။ ၁၉၈၀ ခုနှစ်တွင် ဆေးတက္ကသိုလ် (ရန်ကုန်) မှ MBBS ဘွဲ့ကိုလည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် Harvard တက္ကသိုလ်မှ MPA ဘွဲ့ကိုလည်းကောင်းရရှိခဲ့ပါသည်။ ၁၉၈၂ ခုနှစ်မှ စတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၌ လက်ထောက်ဆရာဝန်အဖြစ်လည်းကောင်း၊ World Vision တွင် စီမံချက်အရာရှိဖြစ်လည်းကောင်း၊ NGO အကြံပေးအဖြစ်လည်းကောင်း အသီးသီးလုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး အကြီးတန်း အထွေထွေမန်နေဂျာရာထူးဖြင့် International Relation & Business Development တာဝန်ကိုထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှ ယနေ့အထိ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ပြီး မြန်မာအရှေ့တိုင်းဘဏ်၏ လူ့စွမ်းအားအရင်းအမြစ်အထောက်အကူပြု တိုးတက်စေရန် ဆောင်ရွက် လျှက်ရှိပါသည်။

ဦးညိုမြင့်

ဒါရိုက်တာ

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးညိုမြင့်သည် ကမ္ဘောဇကုမ္ပဏီများ အုပ်စု၏အကြီးတန်းအုပ်ချုပ်မှု့ ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါသည်။ ဦးညိုမြင့်သည် ပုဂ္ဂလိကဘဏ်အဖွဲ့အစည်း များသို့ကူးပြောင်းတာဝန်ယူခြင်းမပြုမီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါသည်။

ဦးညိုမြင့်သည် ပုဂ္ဂလိက ဘဏ်အဖွဲ့အစည်းများသို့စတင်ရောက်ရှိချိန်၌ ကမ္ဘောဇဘဏ်၏ အကြံပေး ပုဂ္ဂိုလ်အဖြစ် စတင်ခဲ့ ပြီးယခုအခါ၌ကမ္ဘောဇအုပ်စု၏ အချက်အချာကျသည့် စီးပွားရေးလုပ်ငန်းများတွင် အဓိက ဦးဆောင်သူ ကမ္ဘောဇအုပ်စု၏စီးပွားရေးလုပ်ငန်းသစ်များအား ချဲ့ထွင်ဆောင်ရွက်ရာ၌ အဓိကစီမံခန့်ခွဲသူ၊ ပြင်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အဓိကနေရာမှပါဝင်သူ၊ ကမ္ဘောဇ၏ကောင်းမွန်သော အစဉ်အလာနှင့် ကျော်ကြားသောအမှတ်တံဆိပ်ရေရှည်ထူထောင်ထားနိုင်ရန်အတွက် လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှု့၏ အနှစ်သာရကိုအစဉ်ဖော်ဆောင်နိုင်ရန် ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါသည်။

ဦးညိုမြင့်သည် ကမ္ဘောဇအုပ်စု၏ အောက်ပါလုပ်ငန်းအဖွဲ့အစည်းအသီးသီး၌လည်း ပူးတွဲပါတာဝန်များ ဖြင့်ဆောင်ရွက်လျှက်ရှိ ပါသည်။

  • ဒုတိယဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း
  • ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘောဇငွေကြေးသက်သေခံလက်မှတ်လုပ်ငန်း
  • ဒုတိယဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း
  • စာရင်းစစ်ကော်မတီဝင်၊ အိုရီရင်တယ်(လ်)လီစင်းကုမ္ပဏီလီမိတက်

ဦးမြဘူး

ဒါရိုက်တာ
ဦးမြဘူးသည် ဘဏ်စတင်တည်ထောင်သည့် ၁၉၉၃ ခုနှစ်မှ စတင်ပြီး အစုရှင်တစ်ဦးဖြစ်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ဘုတ်အဖွဲ့၏ ဒါရိုက်တာအဖြစ် တာဝန်ယူလျှက်ရှိပါသည်။ ၁၉၇၄ ခုနှစ်တွင် BE Mechanical ဘွဲ့ကိုရရှိခဲ့ပြီး ရန်ကုန်မြို့၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ဗိုလ်တစ်ထောင်သင်္ဘောကျင်းတွင် အလုပ်သင်အင်ဂျင်နီယာအဖြစ်လည်းကောင်း၊စင်္ကာပူသင်္ဘောကုမ္ပဏီတွင် အငယ်တန်းအင်ဂျင်နီယာမှ ဒုတိယ အင်ဂျင်နီယာ အဖြစ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင် လျှက်ရှိပါသည်။

ဦးအောင်သန်း

ဒါရိုက်တာ
ဦးအောင်သန်းသည် ဘဏ်စတင်တည်ထောင်သည့် ၁၉၉၃ ခုနှစ်မှ စတင်ပြီး အစုရှင်တစ်ဦးဖြစ်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်မှ စတင်၍ ဘုတ်အဖွဲ့၏ ဒါရိုက်တာအဖြစ် တာဝန်ယူလျှက်ရှိပါသည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ သိပ္ပံဘွဲ့ (ဓာတုဗေဒ)ကို ရရှိခဲ့ပါသည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လျှက်ရှိပါသည်။

ဦးမြင့်ဆွေ

ဒါရိုက်တာ
ဦးမြင့်ဆွေသည်မြန်မာအရှေ့တိုင်းဘဏ်ကိုစတင်တည်ထောင်ခဲ့သူများထဲတွင်တစ်ဦးအပါအဝင်ဖြစ်ပြီးဘဏ်၏အစုရှယ်ယာရှင်တစ်ဦးလည်းဖြစ်သည်။ဘဏ်စတင်တည်ထောင်ခဲ့သည့် ၁၉၉၃ ခုနှစ်မှစတင်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလအထိ MarketingDirectorနှင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းကောင်း၊မြန် မာ အရှေ့တိုင်းဘဏ်လီမိတက်၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သော Oriental Leasing Co.,Ltd ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး အဖြစ်လည်းကောင်း တာဝန်ယူလုပ်ကိုင်ခဲ့ပါသည်။ ပြင်ပလုပ်ငန်းများအနေဖြင့် ဖူးပွင့်ကုမ္ပဏီလီမိ တက်၏ အုပ်ချုပ်မှုဒါရိုက်တာ၊ စင်္ကာပူနိုင်ငံမှ Ambur International Pte Ltd နှင့်ပူးပေါင်း၍ Ambur International Co.,Ltd ၏ဒါရိုက်တာ၊ Plastic World limited ၏အစုရှယ်ယာ ရှင်နှင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်၊ TMW Enterprise Limited ၏အစုရှယ်ယာရှင်နှင့် ဒါရိုက် တာဘုတ်အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မြန်မာအရှေ့တိုင်းဘဏ်လီမိ တက်၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ မှစတင်၍ ပြန်လ ည်ရွေးကောက်တင်မြှောက်ခံရပြီး Blossom Coach ၏လုပ်ငန်းရှင်တစ်ဦးအဖြစ် လည်းကောင်း၊ Ong Sibling Co.,Ltd ၏ နာယကတစ်ဦးအဖြစ်လည်းကောင်း လုပ် ကိုင်ဆောင်ရွက်လျှက် ရှိပါသည်။

ဒေါ်မိုးမိုးခိုင်

ဒါရိုက်တာ
ဒေါက်တာမိုးမိုးခိုင်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ မြန်မာအရှေ့တိုင်းဘဏ်၌ ဘဏ်၏ အမှုဆောင်မဟုတ် သည့် သီးခြားလွတ်လပ်သော ဒါရိုက်တာအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ သူမသည် မြန်မာ့အရှေ့တိုင်းဘဏ်၏ စာရင်းစစ်ကော်မတီတာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိပါသည်။ သူမသည် ဝါဏိဇ္ဇဗေဒဘွဲ့ကို ၁၉၈၄ ခုနှစ် တွင်လည်းကောင်း၊ ဝါဏိဇ္ဇဗေဒဂုဏ်ထူးဘွဲ့ကို ၁၉၈၅ ခုနှစ် တွင်လည်းကောင်း၊ ဝါဏိဇ္ဇဗေဒ မဟာဘွဲ့ကို ၁၉၉၂ ခုနှစ်တွင်လည်းကောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ပါရဂူဘွဲ့ကို ၂၀၀၅ ခုနှစ်တွင် ဂျာမဏီနိုင်ငံ Universität Witten/Herdecke တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ သူမသည် ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှု ပညာဌာနမှ အငြိမ်းစား ပါမောက္ခ/ဌာနမှူး တစ်ဦး ဖြစ်ပါသည်။