TRUSTEE SERVICE
MOB ၏ ယုံကြည်အပ်နှံခြင်းဝန်ဆောင်မှုကို အသုံးပြုပါက MOB သည် ယုံကြည်အပ်နှံခြင်းခံရသူ အနေဖြင့် ယုံကြည်အပ်နှံသူ၏ ငွေကြေးများကို အခြားသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အကျိုးအတွက် ရင်းနှီးမြှပ်နှံ ထိန်းသိမ်းပေးခြင်းဖြင့် အမြတ်အစွန်းများ ရရှိစေပါသည်။
Product Features
- ယုံကြည်အပ်နှံမှုစာရင်းကို လူပုဂ္ဂိုလ် (၁)ဦး (သို့မဟုတ်) (၂)ဦး တွဲဖက်၍လည်းကောင်း ၊အဖွဲ့အစည်း၊ ရံပုံငွေ၊ ဘုန်းတော်ကြီးကျောင်း နှင့် ကုမ္ပဏီများအတွက် ဖွင့်နိုင်ပါသည်။
- (၃) လ၊ (၆) လ၊ (၉) လ နှင့် (၁၂) လထားရှိပြီး အတိုးများရယူနိုင်ပါသည်။
- အတိုးနှုန်း – ၁၁.၅၀ %
- အနည်းဆုံးထားရှိရမည့်ပမာဏ – ၁,၀၀၀,၀၀၀ ကျပ်
- အများဆုံးထားရှိရမည့်ပမာဏ – အကန့်အသတ်မရှိ
- အနည်းဆုံးထားရှိရမည့် အချိန်ကာလ – (၃) လ
- ထားရှိသည့် ယုံကြည်အပ်နှံမှုအား ထုတ်ယူလိုပါက ၂ ပတ်ကြိုတင်အကြောင်းကြားပေးရမည်။
- ထားရှိရမည့် ယုံကြည်အပ်နှံမှုကို အချိန်ကာလမတိုင်မီ ထုတ်ယူပါက အတိုးနှုန်းအားရက်တွက်ဖြင့် တွက်ပေး ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- မှတ်ပုံတင်မိတ္တူ (Trustor)
- မှတ်ပုံတင်မိတ္တူ (Beneficiary)
- စာရင်းရှင်အပ်ငွေစာရင်း (သို့) ငွေစုဘဏ်အပ်ငွေစာရင်း