မြန်မာအရှေ့တိုင်းဘဏ်(MOB) မှ အတိုးနှုန်း ၈% ခံစားခွင့်ရရှိမည့် ငွေသားသီးသန့်ဖြင့် အပ်နှံစုဆောင်း သော ငွေစုဘဏ်အပ်ငွေစာရင်းများကို MOB ဘဏ်ခွဲအားလုံးတွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။

ယခင်ဖွင့်လှစ်ထားရှိသော Special Savings Deposit Account နှင့် Savings Deposit Account များကိုလည်း ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ အောက်ဖော်ပြပါအတိုင်း အတိုးနှုန်းများ တိုးမြှင့်ပြင်ဆင် သတ်မှတ် ထားပါသည်။

? Savings Deposit Account (Cash Account) ငွေသားသီးသန့်အပ်ငွေစာရင်း – အတိုးနှုန်း ၈%
(၁.၂.၂၀၂၂)နေ့မှစတင်ဖွင့်လှစ်သော ငွေသားသီးသန့် ကျပ် ၁၀,၀၀၀/-နှင့်အထက် အပ်ငွေများ

? Special Savings Deposit Account (အထူးငွေစုဘဏ်အပ်ငွေစာရင်း)
? ကျပ် ၁၀,၀၀၀/- မှ ၁၀,၀၀၀,၀၀၀ ထိ – အတိုးနှုန်း ၆.၂၅%
? ကျပ် ၁၀,၀၀၀,၀၀၁ မှ ၁၀၀,၀၀၀,၀၀၀ ထိ – အတိုးနှုန်း ၆.၅%
? ကျပ် ၁၀၀,၀၀၀,၀၀၁ နှင့်အထက် – အတိုးနှုန်း ၇%

? Savings Deposit Account (ငွေစုဘဏ်အပ်ငွေစာရင်း)
? ကျပ် ၁၀,၀၀၀/- မှ ၁၀,၀၀၀,၀၀၀ ထိ – အတိုးနှုန်း ၆.၂၅%
? ကျပ် ၁၀,၀၀၀,၀၀၁ မှ ၁၀၀,၀၀၀,၀၀၀ ထိ – အတိုးနှုန်း ၆.၅%
? ကျပ် ၁၀၀,၀၀၀,၀၀၁ နှင့်အထက် – အတိုးနှုန်း ၇%

ပြင်ဆင်သတ်မှတ်လိုက်သည့် ခေါ်ယူအပ်ငွေစာရင်း အတိုးနှုန်းမျာကို (၁.၂.၂၀၂၂ ) မှစ၍ ရရှိခံစားနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *